မြန်မာနယ်စပ်ကုန်သွယ်မှု လျော့နည်းကျဆင်းလာ

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၃ လအတွင်းမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၅ ဘီလီယံကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုနဲ့ယှဥ်ရင် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၀၆၃ ဘီလီယံလျော့ကျ နေပါတယ်။

စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ပုံမှန်ထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းတွေအရပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်  ကာလတူမှာ နယ်စပ်ကုန်သွယ်မှုက ကန်ဒေါ်လာ ၂ ဒသမ ၆၃၈ ဘီလီယံကျော်ထိ ရှိခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့  တရုတ်−မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဂိတ် ပုံ မှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိသေးတာက  အခုလိုနယ်စပ်ကုန်သွယ်မှုပမာဏကို သိသိသာသာ လျော့ကျစေခဲ့တာ ဖြစ်ပါတယ်။

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ပထမ ၃ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈၂ ဘီလီယံထိ ကုန်သွယ်မှုရှိခဲ့ပေမဲ့ လက်ရှိမီနီဘတ်ဂျတ် ပထမ ၃ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၃၂၀ ကျော်သာ ကုန်သွယ်မှုရှိခဲ့တာကြောင့်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော် လျော့ကျခဲ့တာပါ။

အလားတူ ကျန်ရှိနေတဲ့ တရုတ်−မြန်မာ နယ်စပ်ဂိတ်တွေမှာလည်း ကုန်သွယ်နိုင်မှု ပမာဏတွေ အသီးသီးလျော့ကျနေပြီး၊ ထိုင်း−မြန်မာ ကုန်သွယ်မှုကလွဲပြီး ကျန်အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်လမ်းကြောင်းကုန်သွယ်မှုကလည်း လျော့ကျနေပါတယ်။

မြန်မာ့−ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ  အမေရိကန်ဒေါ်လာ  ၁ ဒသမ ၅သန်းကျော်၊ မြန်မာ−အိန္ဒိယ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် အသီးသီးလျော့ကျနေပြီး မြန်မာ−ထိုင်း နယ်စပ်ကုန်သွယ်မှုက ကာလတူထက် သန်း ၄၀၄ ကျော်မြင့်တက်လာပါတယ်။

နယ်စပ်ကုန်သွယ်မှု တစ်ခုလုံးခြုံကြည့်ရင် ၃ လအတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၆၃ ဘီလီယံကျော်လျော့ကျခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up