ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကားကို အမေရိကန်တွင် BMW မိတ်ဆက်

ဂျာမန်ကားကုမ္ပဏီ BMW က ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား (color-changing car) ကို အမေရိကန် Las Vegas မြို့ ကားပြပွဲမှာ ထုတ်ပြသခဲ့ပါတယ်။

‘BMW iX Flow’ လို့ အမည်ပေးထားတဲ့ကားမှာ E-Ink နည်းပညာကို အသုံးပြုထားပြီး ကားရဲ့အပြင်ပိုင်းကို အရောင်အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ ကာလာပြောင်းအရည်ထည့်ထား ပါတယ်။

BMW ကားထုတ်လုပ်မှု သုတေသနအင်ဂျင်နီယာ ‘စတဲလာ ကလပ်ခ်’ က “ဒီကားက  ကမ္ဘာ့ ပထမဆုံး အရောင်ပြောင်းကား အစစ်ပါ။ အပြင်မှာ အတုတွေလည်း ရှိတယ်။ ကျနော်တို့ကားက E Ink နည်းပညာကို သုံးထားလို့ စွမ်းအင်လည်း ချွေတာနိုင်တယ်။ အဖြူရောင်ကားကို နေအပူချိန်နဲ့ လိုက်ဖက်တဲ့ အရောင်တွေ ပြောင်းပေးနိုင်တယ်။ အပူကို စုပ်ဖို့ အနက်ရောင် ပြောင်းပေးနိုင်တယ်။ အံ့မခန်းနည်းပညာနဲ့  လုပ်ထားပါတယ်။ အဲဒီလို အရောင်ပြောင်းလို့ စွမ်းအင်မကုန်ပါဘူး” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up