မြန်မာ-ထိုင်းနယ်စပ်ကနေလာတဲ့ စက်သုံးဆီတင်ယာဉ်တစီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ အဝင် အာရှလမ်းမကြီးမှာ ဇန်နဝါရီ ၇ ရက်နေ့ ည ၉ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
စက်သုံးဆီအပြည့် တင်လာတဲ့ယာဉ်ဟာ ကော့ကရိတ်မြို့အဝင် အာရှလမ်းမကြီး ရွာသစ်လမ်းခွဲမှာ မီးလောင်ကျွမ်းသွားတာဖြစ်ပြီး မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က နယ်မြေကျူးကျော်မှုကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၁ သိန်းဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
Video - CJ