နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် အကျဉ်းကျနေဆဲ (မေးမြန်းချက်)
DVB
·
January 29, 2014
နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အစိုးရက ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောထားပေမယ့် လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်နဲ့ တိုင်းရင်းသား အဖွဲ့တွေက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အဖွဲ့ဝင်တွေ ၂၀ ကျော်ကျန်နေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ပြောပါတယ်။
ဒါ့ပြင် ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာလည်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခွင့်တွေတားမြစ်ခံနေရ ဆဲပဲလို့ပြောပါတယ်။
အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို ဒီဗွီဘီ သတင်းထောက် ဒေါ်ခင်မင်းဇော်က တွေ့ဆုံမေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်