စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းက အောင်ချမ်းသာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတွေ တိုးမြှင့်ချထားသလို၊ စစ်ဆေးတာတွေလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ ကိုယ်တိုင်စစ်ဆေးခံရသူတွေက ပြောပါတယ်။
“ဒီစစ်ဆေးရေးဂိတ်က ပြည်သူအပေါ်အနိုင်ကျင့် ဗိုလ်ကျ ငွေတောင်းနေလို့ အခုလိုအပစ်ခံရတာ။ ပစ်ခံရတာတောင်နည်းသေးတယ်” လို့ မင်းကင်းဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကွာကွယ်ရေးမဟာမိတ်တွေက တိုင်ခိုက်ခဲလို့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ရဲ၁ ဦး သေဆုံးကာ PDF က အကျဆုံးမရှိခဲ့ဘူးလို့ ဒေသခံပြည်သူကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုပ်ပြန်ထားတာမတွေရသေးပါဘူး။
မင်းကင်းမြို့နယ်၊ အောင်ချမ်းသာစစ်ဆေးရေးဂိတ်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ TPC နဲ့ အရပ်ဘက်လက်နက်ကိုင်တပ်ဖွဲ့ CAF ပူးပေါင်း မဟာမိတ်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။