Home
မြန်မာသတင်း
တနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ် ဆွေးနွေးပွဲ စတင်
နန်းမြနဒီ
·
January 28, 2014
မြန်မာနိုင်ငံ ဒေသအသီးသီးက ကရင်လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာမှာ ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူး အစရှိတဲ့ တိုင်းဒေသကြီးထဲက လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေရော၊ အထက်မြန်မာပြည်နဲ့တကွ ကရင်လက်နက်ကိုင်တပ်ဖွဲ့၊ ကရင်နိုင်ငံရေးပါတီအဖွဲ့အစည်းက လူငယ်ကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀၀ နီးပါးလောက် လာရောက်ဆွေးနွေးနေကြတာပါ။ [caption id="attachment_50934" align="alignleft" width="300"]၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် ကရင်လူငယ်ဆွေးနွေးပွဲ ၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် ကရင်လူငယ်ဆွေးနွေးပွဲ[/caption] ကရင်လူငယ်တွေဟာ နောင်တချိန်မှာ ကိုယ့်လူမျိုးနဲ့ပြည်နယ်ရဲ့ အရေးကိစ္စကို ပခုံးပြောင်း ဦးဆောင်သွားရမှာဖြစ်တဲ့အ တွက် နိုင်ငံရေးဖြစ်စဉ်တွေကို သိရှိနားလည်စေဖို့နဲ့ စည်းလုံးညီညွတ်မှု ရှိဖို့ ဆွေးနွေးပွဲကျင်းပရတာ လို့ ဆွေးနွေး ပွဲဖြစ် မြောက်ရေး ကော်မတီ ၀င် စောဂျက်ပစီက ပြောပါတယ်။ ဒီကနေ့အစီအစဉ်မှာ ဒီကေဘီအေ ကလို့ထူးဝါးတပ်ရဲ့ ဗိုလ်မှူးစောသရီးထူးက တက်ရောက်လာသူ ကရင်လူငယ်တွေကို ကြိုဆိုအားပေးကြောင်း မိန့်ခွန်းပြောခဲ့ပြီး မိတ်ဆက်ခြင်းအစီအစဉ်နဲ့ ကေအန်ယူ ဥပဒေရေးရာက ပဒိုစောသမိန်ထွန်းက ကရင်တော်လှန်ရေး ပေါ်ပေါက်လာရတဲ့အကြောင်းကို ကရင်သမိုင်းကြောင်းတွေနဲ့ ဆက်စပ်ရှင်းပြခဲ့ပါတယ်။ ညနေပိုင်းမှာတော့ လက်ရှိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အစိုးရကြား အပစ်ခတ်ရပ်ရေးဆွေးနွေးနေတဲ့ လုပ်ငန်းစဉ်၊ တပြည်လုံး ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ အကြောင်းကို ကေအန်ယူကိုယ်စားလှယ်နဲ့ ဒီကေဘီအေကိုယ်စားလှယ်တွေက ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို ဇန်န၀ါရီ ၃၀ ရက်နေ့အထိ ၃ ရက်တာ ကျင်းပမှာဖြစ်ပြီး ၃၁ ရက်နေ့မှာတော့ ကရင်တော်လှန်ရေးနေ့အခမ်းအနားကို ၀င်ရောက်ဆင်နွဲကြမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ဆွေးနွေးပွဲကို ကရင်ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ ကရင်လူငယ်ကွန်ရက်အဖွဲ့က ကမကထပြု ကျင်းပနေတာဖြစ်ပြီး ဒါဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်က ကော့ကရိတ်မြို့နယ် နောင်နိုင်းရွာမှာတကြိမ်၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ၂၀၁၃ ခုနှစ်က တကြိမ် ကျင်းပခဲ့ပါတယ်။ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024