ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်လမ်းဆုံမှာ ဇန်နဝါရီ ၂ ရက်က ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အသက်ပေးလှူသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF-လွိုင်ကော်) မှ သူရဲကောင်း ရဲဘော် တယောက်ကို ဇန်နဝါရီ ၃ ရက် မနက်က ဂုဏ်ပြုအခမ်းအနားနဲ့ သေနတ်ပစ်ဖောက်ကာ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဒီးမော့ဆိုမြို့၊ ငွေတောင်ဆည်လမ်းဆုံ တိုက်ပွဲဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က စတင်ကာ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး တယောက်အပါအဝင် အရာရှိ စစ်သည်တွေ သေဆုံးခဲ့တာကြောင့် လက်နက်ကြီးပစ်ကူ၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ တင့်ကားပစ်ကူယူကာ စခန်းစွန့်ခွာသွားခဲ့ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲကြောင်း PDF(လွိုင်ကော်)နဲ့ KNDFတပ်တို့မှ ရဲဘောက် တယောက်စီ ကျဆုံးခဲ့ပြီး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ PDF တပ်တွေက ပြောပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အတွင်း စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။