စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေသယ်ဆောင်လာတာကိုတွေ့ရှိရတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။
Pale Joker PDF ခေါင်းဆောင် ဗိုလ်ပုလဲ က ''မြန်မာဘီယာဖာတွေ တင်လာတဲ့ Faw ကားကို သတင်းရလို့ တားဆီးစစ်ဆေးရာကနေ ကားပေါ်မှ ာတင်ဆောင်လာတဲ့ မြန်မာဘီယာ ၁၅ ဖာလောက်ကို လမ်းပေါ်မှာဘဲ ဖျက်ဆီးပစ်လိုက်တယ်'' လို့ အတည်ပြုပြောပါတယ်။
မော်တော်ယာဉ်နဲ့သက်ဆိုင်သူတွေကိုတော့ နောက်နောင်စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ မတင်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့လည်း ပြောပါတယ်။
ဖျက်ဆီးပစ်လိုက်တဲ့ မြန်မာဘီယာပုလင်းတွေဟာ ကာလတန်ဖိုး ၄ သိန်းခွဲဝန်းကျင်ရှိတယ်လို့ စားသောက်ဆိုင်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီထုတ်ကုန်တွေ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတွေကို ခွင့်မပြုကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါကလည်း ချက်ချင်းဖျက်ဆီးပစ်နေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။