အပစ်ရပ် တောင်ဆူဒန်တွင် တိုက်ခိုက်မှုများ ဆက်ဖြစ်

တောင်ဆူဒန်နိုင်ငံတွင်း အပစ်အခတ် ရပ်စဲရေး အဆိုပြုပြီး ၄ ရက်ကြာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ပိုဖြစ်နေပါတယ်။

0,,17386565_303,00သူပုန်တွေကတော့ ယူနစ်တီပြည်နယ်နဲ့ နိုင်းမြစ်အပေါ်ပိုင်းမှာ တိုက်ခိုက်ခံရတယ်လို့ အခိုင်အမာ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ နဲ့ ၂၆ ရက်တွေက ဂျွန်ဂလီပြည်နယ်မှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။

အစိုးရတပ်တွေနဲ့ သူပုန်တပ်တွေကတော့ ထိုးစစ်စတင်မှုကို အပြန်အလှန် စွပ်စွဲခဲ့ကြပါ တယ်။

အစိုးရနဲ့ သူပုန်တွေ တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် သာမန်ပြည်သူတွေ ကြားညပ်နေကြပြီး ကြောက်ရွံ့နေကြပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေရသူတွေလည်း အိမ်မပြန်နိုင် ဖြစ်နေတာပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအပြီး သေနတ်သံတွေ တိတ်ဆိတ်သွားလိမ့်မယ်၊ ရက်သတ္တပတ် ၅ ပတ်ကြာ ထွက်ပြေးခဲ့ရတဲ့ အိမ်တွေဆီကို ပြန်နိုင်မယ်လို့ အများက မျှော်လင့်ခဲ့ တာပါ။

၂၀၁၁ နှစ်လယ်ပိုင်းကမှ ဆူဒန်နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရခဲ့တဲ့ တောင်ဆူဒန်နိုင်ငံတွင်း စစ်ပွဲတွေကြောင့် နိုင်ငံသား ၈ ထောင်နီးပါး တိုင်းပြည်ကနေ ဆူဒန်နိုင်ငံဆီကို ထွက်ပြေးခဲ့ရတာပါ။

သူတို့ကို ပထမတန်းစား နိုင်ငံသားတွေလို စဉ်စားဖို့ သမ္မတက ညွှန်ကြားထားတယ်လို့ ဆူဒန်နိုင်ငံ လခြမ်းနီအသင်းရဲ့ အရာရှိ အာမန် တိုင်တယ်က ပြောပါတယ်။

ဆူဒန်အစိုးရက ခိုလှုံစရာ စီစဉ်ပေးနိုင်ပေမယ့် ပိုကောင်းတဲ့ ရေကိုတော့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက စီစဉ်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

တောင်ဆူဒန်နိုင်ငံတွင်း သမ္မတနဲ့ ဒုသမ္မတကို သစ္စာခံကြတဲ့ တိုင်းရင်းသားတွေနဲ့ စစ်တပ်တွေကြား ၁ လကြာ ပဋိပက္ခတွေအတွင်း ထောင်နဲ့ချီတဲ့ လူတွေအသတ်ခံရပြီး ပြည်သူ ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။

လူ ၉ သောင်းနီးပါးကတော့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေရပါတယ်။

//
More News
Up