Home
မြန်မာသတင်း
ပလက်ဝသို့ ရိက္ခာနှင့် ကုန်စည်သယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်
DVB
·
December 30, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ ကုန်စည်သယ်ယူခွင့်တွေ တားမြစ်ပိတ်ပင်ထားတာကြောင့်  အခက်အခဲကြုံနေကြရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ပလက်ဝကို စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ စက်သုံးဆီ တင်သွင်းခွင့်ကို ပိတ်ပင်တားမြစ်ထားတာကြောင့် အခက်အခဲတွေ့ နေရတာလို့ ပလက်ဝမြို့ခံတယောက်က  ပြောပါတယ်။

“ဆန်၊ ဘိလပ်မြေ၊ သံ၊ သွပ်၊ အုတ်နဲ့  စက်သုံးဆီတွေကို  လုံးဝတင်ခွင့်မပေးဘူး။ ကန့်သတ်ကုန်လို့ တော့ပြောတယ်။ ဘိလပ်မြေတအိတ်ကို  ကျောက်တော်မှာ ၉၀၀၀ ကျပ်ဆိုရင် ပလက်ဝမှာ ၂၀၀၀၀ ကျပ်လောက် ပေါက်စျေးရှိတယ်။” 

ပလက်ဝကနေ ကျောက်တော်ကို ခရီးသွားမယ်ဆိုရင်လည်း အရင်က ကျပ် ၂၀၀၀ လောက် ပေးရတဲ့ ဇက်ရေယာဉ်ခကို ကျောက်တော်မရောက်ခင် သကြားစက်နားနေရာအထိ ကျပ် ၂၅၀၀၀ ပေးရသလို အဲဒီကနေ ကျောက်တော်မြို့ကို ကားခကျပ် ၅၀၀၀ လောက်သာ ပေးရတာကြောင့် အသွားအပြန်ဆိုရင် ထမင်းလည်း မစားရဘဲနဲ့ လူတစ်ယောက်ကို ကျပ် ၆၀၀၀၀ လောက်ကုန်တယ်လို့ ပြောပါတယ်။

အဲဒီ ဇက်ရေယာဥ်ကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့ကမှ စတင်ပြေးဆွဲတာဖြစ်သလို စစ်ကောင်စီ ဘက်က တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024