Home
မြန်မာသတင်း
မြန်မာ့ရွှေစျေး ထပ်မံမြင့်တက်
DVB
·
December 29, 2021

ကမ္ဘာ့ရွှေစျေး ပြန်လည်ကျဆင်းခဲ့ပေမဲ့ မြန်မာ့ရွှေစျေးကတော့ ဆက်လက်မြင့်တက်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့  ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ညနေပိုင်း စျေးအရ  အကယ်ဒမီ မီးလင်းရွှေအဖွင့်စျေး တစ်ကျပ်သားကို ၁၈၂၃,၀၀၀ ကျပ်အထိ ရောက်ရှိနေပါတယ်။

မနေ့ မနက်ပိုင်းက တစ်ကျပ်သားကို ၁၈၁၂,၅၀၀ ကျပ်နဲ့ စျေးဖွင့်ခဲ့တာဖြစ်လို့ ၂ ရက် အတွင်း တစ်ကျပ်သားကို ကျပ် တစ်သောင်းကျော် စျေးမြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ရွှေစျေးကတော့   ဒီဇင်ဘာ ၂၈ ရက်  နေ့လယ်ပိုင်းက တစ်အောင်စကို ၁၈၁၅ ဒေါ်လာရှိခဲ့ပြီး၊ ဒီနေ့ ညနေပိုင်းမှာတော့ တစ်အောင်စကို ၁၈၀၃ ဒေါ်လာကို ပြန်လည်ကျဆင်းခဲ့တာတွေ့ရပါတယ်။

မြန်မာ့ရွှေစျေးက  အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်ကျဆင်းခဲ့ပြီး  အကြမ်းဖျင်း  တစ်ကျပ်သားကို ကျပ် ၁၇၇၀၀၀၀ နဲ့ ကျပ် ၁၈ သိန်း အကြား မှာပဲ အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်  အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တဲ့ မြန်မာရွှေစျေးဟာ  အခု ဒီဇင်ဘာ ဒုတိယအပတ်မှာ ကျပ် ၁၈ သိန်း အထက်ကို တစ်ကြိမ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အတွင်း စျေးပြန်လည်ကျဆင်းသွားပြီး တစ်ကျပ်သားကို ကျပ် ၁၇၉၀,၀၀၀ ၀န်းကျင်မှာပဲ ရက်အတန်ကြာ ဆက်ရှိနေခဲ့ကာ အခုလတတိယပတ်မှာတော့  ကျပ် ၁၈ သိန်းအထက်ကို ပြန်လည်ဦးမော့လာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024