မြန်မာ-ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်၊ မယ်လမမြို့ပြင် ခနဲကျုရွာအနီးမှာ ဒီဇင်ဘာ ၂၈ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ယောက်ကို ထိုင်းနယ်ခြား လုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မြဝတီမြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာ ရွှေကုက္ကိုလ်မြိုင်တဖက်ကမ်းကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တောတွင်းတနေရာ ပုန်းအောင်းနေစဉ် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိ ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ တရားဝင် စာရွက်စာမ်း အထောက်အထားမတွေ့ရတဲ့အတွက် မြန်မာနိုင်ငံသား အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၄ ယောက် စုစုပေါင်း ၁၃ ယောက် ဖမ်းဆီးရမိခဲ့ပြီး လမ်းပြ ၂ ယောက်ကတော့ တောတွင်းသို့ ရှောင်တိမ်း ပြေးသွားကြတယ်လို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၃ ယောက်ကို တာခ်ရိုင်၊ မယ်လမတ်မြို့မရဲစခန်းကို လွဲပြောင်း ပေးအပ်ထားပြီး ထိုင်းနိုင်ငံဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီခရိုင်နဲ့ တာခ်ရိုင် နယ်စပ်တွေမှာ ထိုင်းနိုင်ငံဘက်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ထိုင်းလုံခြုံရေးအဖွဲ့တွေက တင်းကျပ်ပေမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကတော့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာနေတာဖြစ်ပါတယ်။