ကွန်ဂိုတွင် စားသောက်ဆိုင် ဖောက်ခွဲမှု ၅ ဦးသေဆုံး

ကွန်ဂိုနိုင်ငံအရှေ့ဘက် ဘီနီမြို့စားသောက်ဆိုင်တခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဖောက်ခွဲသူနဲ့ လူ ၅ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

အခုတိုက်ခိုက်မှုက ကွန်ဂိုနဲ့ ယူဂန်ဒါတပ်တွေ  အစ္စလာမ်စစ်သွေးကြွတွေကို ပူးပေါင်းစစ်ဆင်နေတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာပါ။

ဒေသအုပ်ချုပ်ရေးမှူးက “အစ္စလာမ်နိုင်ငံထူထောင်ရေးအဖွဲ့တွေနဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ သူပုန်တွေ  ဘန်နီမြို့မှာ ခြေပုန်းခုတ်လှုပ်ရှားနေပါတယ်၊ ယူဂန္ဓာနဲ့ စစ်ရေးပူးပေါင်းမှုကို ဆန့်ကျင်တာလို့ ယူဆရပါတယ်။ အခုပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့အုပ်စုတွေကို ဆက်ရှာဖွေနေပါတယ်” လို့ ပြောပါတယ်။

အသေခံဗုံးခွဲပြီးနောက် မြေပြင်မှာ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေပါတယ်။  

More News
Up