မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ရှေ့ကျေးရွာမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ည ၉နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၃ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “မီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းနေတယ်။ အိမ် ၃ လုံးတော့ကုန်ပြီ၊ ဘယ်ကစလောင်တာလည်း မသိသေးဘူး” လို့ ပြောပါတယ်။
မီးလောင်ရာနေရာကို ညောင်ဦးခရိုင်မီးသတ်စခန်းနဲ့ ညောင်ဦးမြို့နယ်မီးသတ်စခန်းတွေက မီးသတ်ကား ၅ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံကြည်သူတွေ မီးငြိမ်းသတ်ခဲ့တဲ့အတွက် ည ၁၀ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ညောင်ဦးခရိုင်မီးသတ်စခန်းတာဝန်ရှိသူက ပြောဆိုထားပါတယ်။
မီးလောင်ကျွမ်းချိန်ဟာ ၄၅ မိနစ်ခန့်ကြာမြင့်ကာ လူနေအိမ် ၃ လုံးမီးလောင်သွားပြီး မီးစတင်လောင်ကျွမ်းမှုအခြေအနေနဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ညောင်ဦးခရိုင်မီးသတ်စခန်းက သိရပါတယ်။