Live
Home
မြန်မာသတင်း
ပင်စင်စား ၅ သောင်းကို ဆင်းကတ် ရောင်းပေးမည်
DVB
·
January 22, 2014
အခု ဇန်န၀ါရီလအတွက် ဆက်သွယ်ရေးက ဖြန့်ဖြူးရောင်းချပေးမယ့် ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကတ် ၃ သိန်းခွဲထဲက ပင်စင်စား အယောက် ၅ သောင်းကို တယောက် ၁ ကတ်စီ ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေငြာပါတယ်။ various sim cardsစာရင်း ထုတ်ပြန်ချက်တွေအရ ပင်စင်စား အများဆုံး နေထိုင်တဲ့ ရန်ကုန်တိုင်းက ပင်စင်စား အယောက် ၁၅၀၀၀ ဆင်းကတ် ၀ယ်နိုင်မှာ ဖြစ်ပြီး ကယားပြည်နယ်မှာတော့ ပင်စင်စား အယောက် ၄၀၀ ပဲ ဆင်းကတ် ၀ယ်နိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကတ် တန်ဖိုးဟာ အစိုးရဈေး ၁ ကတ်ကို ကျပ် ၁၅၀၀ ဖြစ်ပေမယ့် ပြင်ပ ပေါက်ဈေးမှာ ကျပ်ငွေ ၁ သိန်းဝန်းကျင် ရှိတာမို့ မဲပေါက်တဲ့ ပင်စင်စားတွေကို တနည်းတဖုံ ငွေကြေး ထောက်ပံ့ပေးတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ပင်စင်စား ဦးကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024