Live
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြသမားတွေ အစိုးရ အရံရုံးတွေဆီ စုရုံးရောက်ရှိ
DVB
·
January 22, 2014
ထိုင်းနိုင်ငံမှာ ဇန်န၀ါရီလ ၂၁ နေ့က အရေးပေါ်အခြေအနေ ကြေညာထားပေမယ့် အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ ဒီကနေ့ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ အစိုးရအဖွဲ့ ပြောင်းရွှေ့ ရုံးထိုင်နေတဲ့ အရံရုံးဆီကို ရောက်သွားကြပါတယ်။ [caption id="attachment_50608" align="alignleft" width="300"]thailand_protestors_march_reuters_540_377_100 ဓာတ်ပုံ -ရိုက်တာ[/caption] ဆန္ဒပြသမားတွေ ရောက်မသွားခင်မှာ အဲဒီရုံးကို ၀န်ကြီးချုပ်ယင့်လခ်လည်း အစည်းအဝေး အတွက် ရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ အစိုးရ၀န်ကြီးဌာန အတော်များများဟာ ဆန္ဒပြသမားသမားတွေနဲ့ ထိပ်တိုက်တွေ့နိုင်တာကို ရှောင်ရှားတဲ့အနေနဲ့ ပိတ်ထားရပါတယ်။ ဒါပေမယ့် ၀န်ထမ်းတွေက အိမ်တွေနဲ့ အရံထားတဲ့ ရုံးတွေကနေ ပုံမှန်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ အစိုးရက ပြောပါတယ်။ ဆန္ဒပြသမားတွေဟာ အစိုးရရုံးထဲ အထိ ၀င်ဖို့ ကြိုးစားတာမလုပ်ဘဲ အပြင်ဘက်က စုရုံးနေကြတာကို တွေ့ရပါတယ်။ စစ်တပ်က သက်ဆင်စစ်တပ် မဟုတ်ဘူး။ ဘုရင့်တပ်မတော်၊ ပြည်သူ့တပ်မတော်ဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းအနေနဲ့ တာဝန်ကို တာဝန်အတိုင်းပဲ ထမ်းဆောင်သင့်တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တယောက်က အသံချဲ့စက်ကနေတဆင့် ပြောပါတယ်။ ဘန်ကောက်နဲ့ အနီးတ၀ိုက်ခရိုင်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့အတွက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လည်း အခက်အခဲတခုလို ဖြစ်နေပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားပေမယ့် ဘန်ကောက်လမ်းမတွေ ပေါ်မှာတော့ ရဲတွေ အနည်းအပါး ရှိတာကလွဲလို့ စစ်သားတွေ မတွေ့ရဘဲ ပုံမှန်သွားလာနေသူတွေနဲ့ ငြိမ်သက်နေပါတယ်။ ညမထွက်ရအမိန့်အထိ ထုတ်ပြန်ထားတော့ မရှိသေးပါဘူး။ ရက် ၆၀ အရေးပေါ်အခြေအနေကို ဇန်န၀ါရီလ ၂၁ ရက်နေ့ ညက စတင်ကြေညာခဲ့ပေမယ့် လမ်းဆုံ လမ်းခွတွေက သပိတ်စခန်းတွေကို ရှင်းလင်းဖို့အထိတော့ အစီအစဉ် မရှိဘူးလို့ အစိုးရ၀န်ကြီးတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ လက်လုပ်ဗုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် လူအသေအပျောက် ဖြစ်ခဲ့တာမျိုး အကြမ်းဖက်မှုတွေ ပိုဆိုးမသွားအောင် ကာကွယ်ဖို့ပဲ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အရေးပေါ်အခြေအနေအရ ဘန်ကောက်နဲ့ အနီးတ၀ိုက်ခရို်င်တွေက လုံခြုံရေးအဖွဲ့တွေအနေနဲ့ လိုအပ်ရင် ညမထွက်ရအမိန့်ကို ထုတ်ပြန်နိုင်သလို သံသယရှိသူတွေကိုလည်း တရားမစွဲဘဲ ဖမ်းဆီးထိန်းသိမ်းနိုင်၊ မီဒီယာတွေကို ပိတ်တာ၊ နိုင်ငံရေးစုရုံးပွဲတွေကိုလည်း ၅ ယောက်ထပ် မပိုရ စတဲ့ အမိန့်တွေကို ထုတ်ပြန်ခွင့် ရှိပါတယ်။ အရေးပေါ် အခြေအနေ မကြေညာလေးခင်မှာပဲ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စကို အဆိုပြုထားတဲ့စာကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ပေးပို့သွားမယ်လို့ ပြောထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024