Home
မြန်မာသတင်း
မော်လိုက်မြို့အနီး မြေငလျင်လှုပ်
DVB
·
December 13, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့အနီးမှာ  အင်အားရစ်ချတာစကေး ၄ ဒသမ ၂  အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်၊ မြန်မာစံတော်ချိန်ည ၆ နာရီ၊ ၃၈ မိနစ်၊  ၂၇ စက္ကန့် အချိန်က ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၅ မိုင်လောက်ကွာဝေးတဲ့  မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ရဲ့  အရှေ့ဘက်  ၃၃ မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ် ၂၃ ဒသမ ၅၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၄ ဒသမ ၉၃ ဒီဂရီ၊ အနက် ၃၄  ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကနီမြို့နဲ့ မြောက်-အနောက်မြောက်ဘက် ၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ဒသမ၆ ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မရရှိပါဘူး။ 

Photo- မိုးဇလ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024