တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကံပေါက်ဒေသ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ မွန်းတည့် နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မွန်းတည့် ၁၂ နာရီအချိန်လောက်က ကံပေါက်ဒေသ လှည်းကုန်းအမှတ် (၁) ရပ်ကွက်ရှိ ဦးနွမ်မဲကို ကံပေါက် ခြေလျင်တပ်ရင်း ၂၇၃ တပ်က စစ်ဆေးစရာရှိတယ်ဆိုပြီး လာရောက် ဖမ်းဆီးခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဦးနွမ်မဲကို စစ်ကောင်စီတပ်က ဘကြောင့် အခုလို လာရောက်ဖမ်းဆီးသွားသလဲ ဆိုတာတော့ မသိရသေးဘဲ ထားဝယ်ခရိုင် ကံပေါက်ဒေသ ၂၇၃ တပ်ရင်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ပြည်သူ ၁၅ ဦးလောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။