Live
Home
မြန်မာသတင်း
စစ်ကောင်စီက ဟင်္သာတခရိုင် မီးရထားဘူတာနယ်မြေ၌ နေသူများကို ၁၅ ရက်အတွင်း ဖယ်ခိုင်း
DVB
·
December 12, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းက မီးရထားဘူတာနယ်မြေတွေမှာ နှစ်ပေါင်းများစွာကတည်းက အတည်တကျနေထိုင်လာသူတွေကို ၁၅ ရက်အတွင်း ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ဟင်္သာတဘူတာ၊ မြို့ကွင်း၊ အင်ပင်ဘူတာနယ်မြေတွေက လူနေအိမ်တွေကို ဖယ်ရှားခိုင်းနေတာလို့    မီးရထားဘူတာတခုမှာနေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

"သူတို့ကအုပ်ချုပ်ရေးမှူး၊ ရဲ၊ ဘူတာက လူတွေနဲ့ စာလာပို့တယ်။ တကယ်လိုမဖယ်ရင် နေအိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီးဖယ်ရှားရလိမ့်မယ်။ အဲလိုမလုပ်စေချင်ရင် အသာတကြည်ဖယ်ပေးပါလို့ ပြောတယ်။ ကျနော်တိုက ၂၀၁၈ ခုနှစ်လောက်က ဆိုင်ဆောက်တာ၊ စဆောက်တုန်းက  သူတို့ အကြောင်းကြားပြီး ကျသင့်တဲ့ အခွန်အခလည်းပေးမယ်ပြောထားပြီသာပါ။ ခုကြဖယ်ခိုင်းတော့ ရွာလည်ရော။ ကျနော်တို့ထက်ဆိုးတာက နေစရာမရှိလို နေအိမ်လေးတွေ ဆောက်နေတဲ့သူ တွေတေ့ာ သွားရောပါ့။”

ယခင်အစိုးရလက်ထက်တွေမှာ မီးရထားဌာနက ဘူတာနယ်မြေအတွင်း မြေငှားရမ်းခ ကောက်ခံပြီး စျေးဆိုင်တွေ လူနေအိမ်တွေကို ထားရှိခဲ့ကြတာပါ။ 

အခု စစ်ကောင်စီလက်ထက်မှာတော့ ၂၀၁၅ အထိ ကောက်ခံထားတဲ့ လူနေအိမ်တွေကလွဲပြီး ကျန်အိမ်၊ စျေးဆိုင်တွေကို ဒီဇင်ဘာ ဒုတိယပတ်မှာ နောက်ဆုံးထားဖယ်ရှားဖို့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ဟင်္သာတခရိုင်အတွင်း ဘူတာနယ်မြေတွေမှာ အိမ်ထောင်စု ၇၀ ဆယ်ကျော်လောက် ရှေ့ပြောင်းရ မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး  ဟင်္သာတခရိုင်လုံးဆိုရင် အိမ်ပေါင်း ၂၀၀ ကျော်ရှိတယ်လို သိရပါတယ်။

ရန်ကုန်တိုင်းမြို့မှာလည်း ကျူးကျော်မိသားစု ၄ သိန်းကျော်ကို စစ်ကောင်စီက ဆက်တိုက်ဖိအားပေး အဓမ္မ ဖယ်ရှားခိုင်းတာကြောင့်  ဆင်းရဲသားပြည်သူတွေ နေရပ်စွန့်ခွာနေကြရပါတယ်။ မန္တလေးမှာလည်း အလားတူ ဖယ်ရှားခိုင်းတာတွေ ပြုလုပ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024