မန်စီးတီး တိုက်စစ်မှူး စတာလင် လိဂ်သွင်းဂိုး ၁ဝဝ ပြည့် ၃၂ ယောက်မြောက် ကစားသမားဖြစ်လာ

မန်စီးတီးတောင်ပံတိုက်စစ်မှူး ရာဟင်းစတာလင်ဟာ ဝုဗ်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁ဝဝ ပြည့်တဲ့ ၃၂ ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ 

စတာလင်ဟာ ဝုဗ်အသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် ၁ဝဝ မြောက် သွင်းဂိုး ရယူခဲ့တာပါ။ 

လီဗာပူးအသင်းအတွက် ၁၈ ဂိုး သွင်းခဲ့ပြီး မန်စီးတီးအသင်းမှာ ၈၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။  ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁ဝဝ ပြည့်ခဲ့တာက နှစ်သက်စရာအောင်မြင်မှုဖြစ်ပြီး  အမှန်တကယ် ဂုဏ်ယူစရာကောင်းတယ်လို့ စတာလင်က ပြောပါတယ်။ 

ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီး စတင်ကျင်းပခဲ့တဲ့ ၁၉၉၂ ကနေစတင်ပြီး လက်ရှိအချိန်အထိ ဂိုး ၁ဝဝ နဲ့ အထက်သွင်းနိုင်တဲ့ ကစားသမားက ၃၁ ဦးသာ ရှိပြီး စတာလင်က ၃၂ ဦးမြောက် ကစားသမားဖြစ်လာခဲ့တာပါ။ 

အဲဒီ ၃၂ ဦးစာရင်းမှာ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက စုစုပေါင်းသွင်းဂိုး ၂၆ဝ နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေသူတွေထဲကဆိုရင် ဟယ်ရီကိန်းက ၁၆၇ ဂိုးနဲ့အများဆုံးဖြစ်ပြီး  ဂျေမီဗာဒီ၊ လူကာကူ၊ ဆာလာ၊ မာနေး တို့ဟာလည်း သွင်းဂိုး ၁ဝဝ နဲ့အထက် သွင်းယူထားပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up