စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရီးဒွေးကျေးရွာမှာ ပျူစောထီး အဖွဲ့ဝင်တယောက် အသတ်ခံရပြီးနောက် ဒီဇင်ဘာ ၁၀ ရက် မနက် ၈ နာရီခွဲမှာ တခြားပျူစောထီးတွေက ရွာနေအိမ်တွေကို မီးရှို့သွားကြတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ ရီးဒွေးရွာက ဒလန်ပျူစောထီးအဖွဲ့ဝင်ဆိုသူ မောင်ဆန်းကို Kanbalu Underground Warriors (KBU-UG) အဖွဲ့က သတ်လိုက်ပြီးနောက် အခုလို မီးရှို့တာတွေလို့ ဒေသခံ တဦးကပြောပါတယ်။
"ရွာမှာက ပျူတွေ သောင်းကျန်းလွန်းလို့ ရွာသားတွေ ထွက်ပြေးကြတာ ကြာပြီ။ အခုလည်း အိမ်တွေ မီးရှို့တဲ့အပြင် ရေစုပ်စက်၊ မော်တာ၊ လှည်းတွေပါ သူတို့ ယူသွားတယ်။”
ဒါ့အပြင် စပါးတင်း ၅၀၀ ကိုလည်း တုံဖုံကားနဲ့ ရိက္ခာအတွက် သယ်သွားကြသေးတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်လခွဲလောက်ကလည်း ရီးဒွေးရွာမှာ လူနေအိမ်တွေ မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပါတယ်။