Live
Home
မြန်မာသတင်း
မန္တလေးမြို့ ယာဉ်အသွားအလာရှင်းနေသည့်လမ်းပေါ်တွင် စစ်ကား ၂ စီး တိုက်မိ၊ ၄ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
December 10, 2021

မန္တလေးမြို့ ၃၅ လမ်း နဲ့ ၇၈ လမ်းဆုံမှာ ဒီဇင်ဘာ ၁၀ ရက် Silent Strike သပိတ်နေ့ နေ့လယ် ၁ နာရီကျော်လောက်က စစ်ကား နှစ်စီး အရှိန်နဲ့ တိုက်မိခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောက်ကနေ တောင်ဘက်ကို မောင်းလာတဲ့ စစ်တပ်ကားတစီးက အနောက်ကနေ အရှေ့ဘက်ကို မောင်းလာတဲ့ တပ်ကားရဲ့ အနောက်ပိုင်းကို ဖြတ်တိုက်တာလို့ CCTV မှတ်တမ်းကနေ သိရပါတယ်။

အတိုက်ခံလိုက်ရတဲ့ စစ်ကားပေါ်ကနေ စစ်ကောင်စီတပ်သား ၄ ဦး ပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ကား နှစ်စီး တိုက်မိတဲ့အချိန်ဟာ ပြည်သူတွေ Silent Strike လုပ်တာကြောင့် လမ်းပေါ် ယာဉ်အသွားအလာ ရှင်းနေတဲ့အချိန်ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024