ပါကစ္စတန်တွင် ဗုံးကွဲ၊ အနည်းဆုံး ၁၀ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့မှာ ရှိတဲ့ စစ်ဌာနချုပ်တခုအနီးက ဈေးမှာ ဒီနေ့မနက်ပိုင်း အသေခံ ဗုံးခွဲသမားရဲ့ တိုက်ခိုက်မှုအတွင်း လူ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပါတယ်။

reutersမြို့တော် အစ္စလာမ္မာဘတ်မြို့နဲ့ သိပ်မဝေးတဲ့ ရာဝါပင်ဒီမြို့ဈေးဟာ စစ်ဌာနချုပ်နဲ့ ၁၀ မိနစ် လမ်းလျှောက်ရုံနဲ့ ရောက်တဲ့ အကွာအဝေးမှာ ရှိတာ ဖြစ်ပါတယ်။

ဗုံးပေါက်မှုအတွင်း တခြား ၁၄ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ရာဝါပင်ဒီမြို ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့တုန်းကလည်း တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ မြောက်ဝါဇီရစ္စတန်ဒေသမှာ တာလီဘန်တွေက ဗုံးကြဲတိုက်ခိုက်လို့ ပါကစ္စတန် စစ်သား အယောက် ၂၀ ကျဆုံးခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ၀န်ကြီးချုပ် နာဝပ် ရှရစ်ဟာ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ပြုလုပ်မည် စီးပွားရေးဖိုရမ်ကို တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

၂၀၁၃ မေလမှာ ပါကစ္စတန်ရွေးကောက်ပွဲမှာ နာဝပ် ရှရစ် အနိုင်ရခဲ့တဲ့ နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

အစိုးရဟာ နိုင်ငံထဲမှာ ဆူပူသောင်းကျန်းမှုတွေကို အဆုံးသတ်နိုင်ဖို့ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စိတ်အားထက်သန်နေပါတယ်။

//
More News
Up