ပါရာဂိမ်းပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေတံဆိပ် ၉၉ ခုဖြင့် ဗိုလ်စွဲ

နေပြည်တော်မှာ ကျင်းပတဲ့ မသန်စွမ်းသူတွေရဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို  ဇန်န၀ါရီ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ အားကစားနည်း ၁၂ မျိုး ဖြင့် ပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက ရွှေ ၉၉ ခု၊ ငွေ ၆၉ ခုနဲ့ ကြေး ၅၁ ခု စုစုပေါင်း ဆုတံဆိပ် ၂၁၉ ခုဖြင့် နိုင်ငံအလိုက် ပထမဗိုလ်စွဲသွားပါတယ်။

paragame1ထိုင်းက ရွှေ ၉၇ ခု၊ ငွေ ၈၂ ခုနဲ့ ကြေး ၆၉ ခုဖြင့် ဒုတိယရရှိပြီး မလေးရှားက ရွှေ ၄၉ ခု ငွေ ၅၀ ခုနဲ့ ကြေး ၄၁ ခုဖြင့် တတိယ၊ ဗီယက်နမ်က ရွှေ ၄၈ ခု၊ ငွေ ၆၄ ခုနဲ့ ကြေး ၇၄ ဖြင့် စတုတ္ထ၊  အိမ်ရှင်မြန်မာက ရွှေ ၃၄ ခု၊ ငွေ ၂၆ ခုနဲ့ ကြေး ၃၈ ခုဖြင့် အဆင့် ၅ နေရာ ရရှိပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်ခဲပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်ပါတယ်။

၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၂၀ ရက် ဒီနေ့ ညနေ ၆ နာရီ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပ ပြုလုပ်မှာပါ။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းလ်)နဲ့ ၈ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာပါ။

//
More News
Up