Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်​ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲခံရ၊ ဗိုလ်အဆင့်အပါအဝင် ၂၅ ဦး သေဆုံး
DVB
·
December 9, 2021

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒီဇင်ဘာ ၉ ရက်​နေ့က ​စစ်​ကောင်စီတပ်တွေ ​​နှစ်နေရာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဗိုလ်အဆင့်ရှိသူအပါအဝင် ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီ​နေ့မနက် ၉ နာရီခွဲ​လောက်က အင်ကြင်း​တောင်လမ်းခွဲယူကလစ်​ခြံအနီးမှာ မိုင်း ၁၁ လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PDF ​ခေါင်း​ဆောင်တစ်ဦးက ​ပြောပါတယ်။ 

​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊​ မြွေဟောက်​ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင် ဒီမိုကရက်တစ် ​အောက်ချင်းတွင်းတပ်ဖွဲ့၊ ဗျတ္တညီ​နောင်များအဖွဲ့၊ BED ငညို ​ပြောက်ကျားအဖွဲ့၊ ကိုယ်ထူကိုယ်ထ ဗိုလ်စက္ကအဖွဲ့နှင့် GDF အဖွဲ့တို့ ပူး​ပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ​နောက် အခြား​နေရာတစ်ခုမှာလည်း စစ်​ကောင်စီတပ်ဖွဲ့ ထပ်မံမိုင်းဆွဲတိုက်ခံရတာကြောင့် တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်​​ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာက ပြည်သူ ၁၅ ဦးအား ရက်စက်စွာ သတ်ဖြတ်သွားတဲ့ တပ်ဖွဲ့အပါအဝင် အင်အား ၁၀၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၈ ရက်​နေ့ကလည်း စစ်​​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024