အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအစီအစဉ် အင်္ဂလန်တွင်စတင်

အင်္ဂလန်မှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အစီအစဉ်သစ်ကို စတင်လိုက်ပြီလို့  ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဒီဇင်ဘာ ၈ ရက်နေ့မှာ ကြေညာပါတယ်။ 

ဒီဇင်ဘာ ၁၃ ရက်ကစ ဖြစ်နိုင်ရင် နေအိမ်မှာ နေပြီး အလုပ်လုပ်ကြဖို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်နေ့ကစလို့ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ အပါအဝင် အဆောက်အအုံတွေထဲရောက်ပါက မျက်နှာဖုံး နှာခေါင်းစည်းကို မဖြစ်မနေ ဝတ်ဆင်ကြဖို့ စည်းကမ်းချက်ကိုလည်း သက်တမ်းတိုးထားပါတယ်။

ညကလပ်အပါအဝင် လူစုလူဝေးတွေထဲ သွားပါက ကာကွယ်ဆေး ထိုးထားပြီးသား ဆိုတာကို မဖြစ်မနေ စစ်ဆေးခံဖို့ လိုတယ်လို့လည်း ပြောပါတယ်။ 

ကာကွယ်ဆေးနှစ်လုံး ထိုးထားတဲ့ လက်မှတ်ကို လောလောဆယ်မှာ အသိအမှတ်ပြုပေမယ့် နောက်ထပ် ဆေးတစ်လုံးထိုးဖို့ လိုမလိုကိုလည်း ပြန်လည်သုံးသပ်နေတယ်လို့ ဝန်ကြီးချုပ်က အသိပေးပြောကြားပါတယ်။ 

စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းသစ်တွေကို တပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ကြေညာပါတယ်။

အင်္ဂလန်မှာ ကိုဗစ်ကပ်ဘေးကာလ စည်းကမ်းချက်တွေကို ဇူလိုင်လတုန်းက ရုပ်သိမ်းခဲ့ပါတယ်။  လာမယ့် ဆောင်းမှာ ကိုဗစ်စတုတ္ထလှိုင်း မဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောခဲ့တဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ အခုတော့ သူရဲ့ အရံအစီအစဉ် "Plan B" ကို ထုတ်ပြလာရပါတယ်။ 

စကော့တလန်၊ ဝေလနဲ့ မြောက်အိုင်ယာလန်တို့မှာလည်း ကိုဗစ်နဲ့ပတ်သက်လို့ စည်းကမ်းတွေကို အကုန်ဖြေလျော့ထားပြီးဖြစ်ပါတယ်။ ဗြိတိန်ကျွန်းတစ်ခုလုံးမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း သေဆုံးသူ  ၁၄၅၀၀၀ ကျော် ရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up