ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရရှိခဲ့ပါတယ်။
မဲစလောင်းတောင်ခြေအနီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ဒီးမော့ဆိုမြို့နယ်ရဲစခန်းနဲ့ ငွေတောင်တပ်တို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ညလုံးပေါက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်၊ သဲတောင်နဲ့ ထူလွှီးဘီလာကျေးရွာပိုင် ခရော့(စ်)တောင်တို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။