ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို ထိရောက်စွာနှိမ်နင်းရေးအတွက် ထိုင်းကြည်းတပ် အမှတ် ၃ မှ RDF လို့ခေါ်တဲ့ အထူးနယ်လှည့်ခြေမြန်တပ်ကို ပရကျူတ်ခီရီခန်နယ်မြေသို့ ထပ်မံပို့ ဆောင်ကာ နယ်ခြားစောင့်တပ်တွေနဲ့ “မြွေဟောက်ဘုရင်” အမည်ပေးထားတဲ့ အထူးစစ်ဆင်ရေးတခု ဆောင်ရွက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခ ရိုင်ဟာဆိုရင်လည်း တရားမဝင် ဝင်ရောက်သူ တွေ မကြာခဏဖမ်းဆီးရမိနေတဲ့ ခရိုင်တစ်ခုဖြစ်ပြီး ဒီကိစ္စဟာ ထိုင်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့ရဲ့ ပြဿနာတစ်ခုဖြစ်သလို ကိုဗစ် ၁၉ ကူးစက်မှာကိုလည်း ထိုင်းအာဏာပိုင်တွေစိုးရိမ်နေကြတာပါ။
အဆိုပါစစ်ဆင်ရေးမှာ ရွှေ့လျားစီစီကင်မရာ၊ ညအမှောင်ထဲတိုက်ခိုက်နိုင်တဲ့ ကရိယာတွေပါ ပို့ဆောင်ထားပြီး ဒီဇင်ဘာ ၄ ရက်ကစလို့ တရားမဝင် ဝင်ရောက်မှုတွေ လုံးဝလျော့နည်းသွားတဲ့ထိ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပရကျူတ်ခီရီခန်ခရိုင်ဟာ မြန်မာနိုင်ငံတနင်္သာရီတိုင်းနဲ့ ဆက်စပ်နေတဲ့ ခရိုင်တစ်ခုဖြစ်ပြီး တောတောင်ထူထပ်မြင့်မားပေမဲ့ တရားမဝင် ဝင်ရောက်သူတွေ အမြဲလိုရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း တရားမဝင် မြန်မာနိုင်ငံသား ၁၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ဆေးရေးတာဝန်သူက သတင်းထောက်ကို ပြောပါတယ်။
အများအားဖြင့် ပရကျူတ်ခီရီခန်ခရိုင် အလယ်ပိုင်း ဆင်းခွန်ဂိတ်အနီးတဝိုက်မှာ ဖမ်းဆီးရမိပြီး ၈၅ ရာခိုင်နှုန်းက ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ စမွတ်စခွန်းခရိုင်မှာ အလုပ်သွားလုပ်မယ့်လူတွေလို့ တာဝန်ရှိသူက ပြောပါတယ် ။
Photo- BangkokBizNewsကိုးကား - https://www.youtube.com/watch?v=R6CHPGaCLdk ( Thai PBS )