Home
မြန်မာသတင်း
မိုးကုတ်တွင် ၄ နှစ်အရွယ် ကလေးအပါအဝင် CDM ဝန်ထမ်းမိသားစု ဖမ်းဆီးခံရ
DVB
·
December 6, 2021

မန္တလေးတိုင်း၊ မိုးကုတ်မြို့ စည်ပင်သာယာရပ်ကွက်က ၄ နှစ်အရွယ်ကလေးအပါအဝင် ထွေအုပ်ရုံး CDM ဝန်ထမ်း မိသားစုဝင် ၅ ယောက်ကို ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"စည်ပင်သာယာထဲက ဦးစိုးဌေးယောက္ခမအိမ်ကို ဝင်မွှေတာ၊ ပစ္စည်းတွေလည်း သယ်သွားတယ်။ အဲ့အိမ်မှာနေတဲ့ CDM ဝန်ထမ်းရယ်၊ သူ့မိန်းမရယ်၊ ကလေး  ၂ ယောက်ရယ်၊ မိသားစုဝင် ၁ ဦးရယ် ဖမ်းခံလိုက်ရတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထွေအုပ်ရုံးက CDM ဝန်ထမ်းဖြစ်သူ ကိုငြိမ်းချမ်း၊ ဇနီးအပါအဝင် အသက် ၄ နှစ်နဲ့ ၇ နှစ်အရွယ် သမီး ၂ ယောက်နဲ့ မိသားစုဝင် ၁ ယောက်တို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

သပိတ် ခေါင်းဆောင်ဦးစိုး​ဌေးနဲ့ အမျိုးတော်စပ်တာကြောင့် ဖမ်းဆီးခံရတာ ဖြစ်နိုင်ပြီး ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နေအိမ်အတွင်းက ပစ္စည်းတွေနဲ့ သပိတ်ခေါင်းဆောင် ဦးစိုးဌေးနေအိမ်အတွင်းက ပစ္စည်းတွေပါ ထပ်မံသယ်ဆောင်သွား​သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024