မန္တလေးတိုင်း နွာထိုးကြီးမြို့နယ် ဘုရားကြီးရွာမှာ စစ်ကောင်စီအား ငွေပေးပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဒီဇင်ဘာ ၄ ရက်က သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်သတိပေးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လောင်းကစားဝိုင်း အကြီးအကျယ်လုပ်နေတာ အမိန့်ရပုံစံပဲ၊ ဘယ်သူမှ ဂရုမစိုက်ဘူး။ ရွာထဲက အိမ်တွေမှာ ခိုးတာ၊ လုတာတွေ ကြောက်နေရတယ်။ လောင်းကစားတွေကြောင့် ကလေးတွေလည်း စာရိတ္ထတွေပျက်မှာ စိုးရိမ်နေရတယ” လို့ ပြောပါတယ်။
လောင်းကစားမပြုလုပ်ဖို့ Natogyi People Defence Force | 27 Revolution Forces | Natogyi Regional PDF ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင် ၃ဖွဲ့ က ခြောက်လှန့်ပစ်ခတ်သတိပေးခဲ့တာဖြစ်ပြီး ငွေသား နှစ်သိန်းရှစ်သောင်းကျပ်နဲ့ ဘီယာဘူး၊ အရက်ဘူး၊ အချိုရည်ဘူေးတွ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မည်သည့်နေရာမဆို လောင်ကစားဝိုင်း ပြုလုပ်နေပါက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမယ်လို့ ပြင်းထန်စွာသတိပေးကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။