Home
မြန်မာသတင်း
ကနီမြို့နယ်၌ CDM ဝန်ထမ်းများကို ဒေသခံပြည်သူများက ထောက်ပံ့
DVB
·
December 4, 2021

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း CDM ဝန်ထမ်းတွေအတွက် ဒေသခံပြည်သူတွေက ‌ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းမှာ  စားနပ်ရိက္ခာပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေဆီက  သိရပါတယ်။

ဌာနပေါင်းစုံ CDM ဝန်ထမ်း ၁၅၀ ကျော်အတွက် ဆန် ၄ ပြည်၊ ပဲ ၊  ကိုယ်တိုက်ဆပ်ပြာ ၃ ခဲ၊ ဟင်းချိုမှုန် ၂၅ ကျပ်သား စတာတွေ ထောက်ပံ့ခဲ့တာလို့  ကနီမြို့နယ်ကျေးရွာတစ်ရွာက CDM ထောက်ပံ့ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ပြည်သူကိုချစ်တဲ့ ပြည်သူဝန်ထမ်းကို ပြည်သူကထောက်ပံ့ပေးတာပါ။ ပြောချင်တာက CDM ဝန်ထမ်းအကုန်မဟုတ်ပေမဲ့ ကျနော်တို့ ဒေသခံပြည်သူတွေ နိုင်သလောက်ပေါ့ လုပ်ပေးရတာပါ။ ဒီအကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ပဲဗျ။”  

ကနီတမြို့နယ်လုံးအတိုင်းအတာနဲ့ ကူညီမှုတွေ ဆက်လုပ်သွားချင်တဲ့အတွက် ကူညီလှူဒါန်းပေးကြဖို့လည်း CDMထောက်ပံ့ရေးအဖွဲ့က တိုက်တွန်း ပါတယ်။

ကနီမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း Non-CDM ကနေ အာဏာဖီဆန်  CDM လုပ်လာတဲ့ ဝန်ထမ်းအများအပြားရှိနေပေမဲ့  စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024