Home
မြန်မာသတင်း
နိုဝင်ဘာလအတွင်း စစ်တပ်ပစ်သတ်မှုကြောင့် ၁၈ နှစ်အောက်၆ ဦးအပါအဝင် ပြည်သူ ၅၉ ဦးကျဆုံး
DVB
·
December 4, 2021

ပြီးခဲ့တဲ့ နိုဝင်ဘာလ တလတည်းမှာ  စစ်တပ်ပစ်သတ်မှုကြောင့် ၁၈ နှစ်အောက် ၆ ယောက်အပါအဝင် ပြည်သူ ၅၉ ယောက် ကျဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်းမှု ရက်ပေါင်း ၃၀၀ ကျော် လာတဲ့ အချိန်အတွင်း အရပ်သားပြည်သူတွေ ထိခိုက်နစ်နာခံစားရမှုတွေ ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရပြီး တရားလက်လွတ်ဖမ်းဆီးမှုတွေ ဆက်တိုက်တိုးမြှင့်လာနေသလို မတရား သတ်ဖြတ်မှုတွေလည်း ရပ်တန့်မသွားသေးဘဲ စစ်သုံ့ပန်းများကိုပါ ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလအတွင်း စစ်အုပ်စုရဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ရ သူတွေထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေတဲ့ အရာထမ်း တွေ၊ ကျောင်းဆရာတွေ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ ကျောင်းသားတွေအပြင် အရပ်သားပြည်သူတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ အရ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ စစ်အုပ်စုရဲ့  တရားလက်လွတ် ဖမ်းဆီးမှု တွေကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း ၅၁၂ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးဦးရေ ၁၀၉ ယောက်၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ ၂၂ ယောက်နဲ့ ဓားစာခံအ ဖြစ် ဖမ်းဆီးခံရသူ ၃၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အင်အားအများအပြားသုံးပြီး ထိုး စစ်ဆင်တာတွေကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ရေးအင်အားကို တိုးမြှင့်တိုက်ခိုက်ရာမှာ မြေပြင်တပ်တွေသာမက လေ ကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့ပြီး ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံ ၁ သောင်းလောက်ဟာ ရွာတွေကို ဝင်ရောက် စီးနင်းခံရတဲ့အပြင် လေ ကြောင်းကလည်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်မှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် ရဟတ်ယာဉ် ၅ စီးနဲ့ စစ်ကူအင်အား ဖြည့်တင်းကာ လေကြောင်းပစ်ကူမှုတွေကြောင့် အနည်းဆုံး ကျေးရွာ ၉ ရွာက ဒေသခံ ထောင်နဲ့ချီ ထွက် ပြေးနေရသလို ရွာသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို ခုခံမှုအားကောင်းတဲ့ ချင်းပြည်နယ် ထန်တလန် မြို့ကိုလည်း နိုဝင်ဘာလအတွင်း အနည်းဆုံး ၅ ကြိမ်ထက်မနည်း စစ်အုပ်စုက မီးရှို့ခဲ့ပြီး အဆောက်အဦ ၂၅၀ နီးပါး မီးလောင်ခံခဲ့ရပြီး စက်တင်ဘာလ ၉ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အထိ မီးရှို့ခံရမှုကြောင့် ထန်တလန်မြို့အဆောက်အဦ ၄၇၃ ခုထက်မနည်း ပျက် စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မင်းကင်းမြို့နယ်ကျေးရွာတွေမှာလည်း အကြမ်းဖက် စစ် အုပ်စု တပ်တွေက မီးရှို့တာတွေပြုလုပ်ခဲ့တာကြောင့် လူနေအိမ်တွေ၊ စပါးကျီတွေ မီး လောင်ဆုံးရှုံးခဲ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စု တပ်သားတွေဟာ အရပ်သားပြည်သူလူထုအပေါ် လူမဆန်တဲ့ လုပ် ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှုတွေကိုလည်း နည်းလမ်းတစ်ရပ်အနေနဲ့ တစိုက်မတ်မတ် ကျင့်သုံးလာကြ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်ဆောင်ရွက်တယ်ဆိုကာ အ ရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ၊ ရွေးကောက်ခံအမတ်တွေနဲ့ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေကို စစ်အုပ်စုက ပြုလုပ်နေကြပြီး နိုဝင်ဘာလအတွင်း နေအိမ်၊ ဆိုင်ခန်းနဲ့ ခြံဝင်း အနည်းဆုံး ၈၄ ခု ကို မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ အေအေပီပီက ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024