ပုဂံမြို့ တောရွာကျေးရွာ ရေရှားပါးမှုနှင့် ကြုံတွေ့နေရ (ဓာတ်ပုံ)
DVB
·
January 17, 2014
မြန်မာ့ယဉ်ကျေးမှုဒေသ ပုဂံမြို့ကနေ ၂ မိုင်လောက် ကွာဝေးတဲ့ တောရွာကျေးရွာမှာ ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီတောရွာ ကျေးရွာမှာ လူဦးရေထောင်ကျော်ရှိပြီး ကျေးရွာတခုလုံးမှာ သောက်သုံးရေ ကန် တခုတည်း ရှိနေလို့ ရေအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သောက်ရေအတွက် ရွာသားတွေဟာ ၃ မိုင်လောက်ဝေးတဲ့ လောကနန္ဒာ ရေတံခါးက လွှတ်ပေးတဲ့ ရေကို ခပ်ယူသုံးစွဲရပြီး နွားလှည်းရှိသူ နည်းပါးတဲ့အတွက် သောက်ရေသွားရောက်ခပ်ယူရာမှာ အချိန်အတော်ပေးရတယ်လို့ ဆိုပါတယ်။
ရေရှားပါးမှုဒဏ်ကို တောရွာတရွာတည်းသာမက တခြားရွာတွေမှာလည်း အခက်အခဲကြုံတွေနေကြရတာပါ။
[gallery ids="50406,50407,50408,50409,50410,50411"]