မန္တလေးတိုင်း ဝမ်တွင်းမြို့နယ် မြေတိုင်ကန်ရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဒီဇင်ဘာ ၂ ရက်က အိမ်စီးကား၊ ဆိုင်ကယ် နဲ့ ထော်လာဂျီတို့ တိုက်မိရာ ၉ ဦး ဒဏ်ရာပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အိမ်စီးကားက ဆိုင်ကယ်ကို ပွတ်တိုက်မိပြီး ဒိုင်ကောင်းကုန်းဈေးကပြန်လာတဲ့ ထော်လာဂျီကို တိုက်မိတာ။ အမျိုးသမီး တစ်ဦးကတော့ သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုတော့ သန္တိသုခ လူမှူကူညီရေးအသင်းက ဆေးရုံကို ပို့ပေးတယ်။"
ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဝမ်းတွင်းမြို့ဘက် ဦးတည်မောင်းလာတဲ့ ဆိုင်ကယ်နဲ့ စျေးပြန်ထော်လာဂျီတို့ကို လားရာတူမောင်းလာတဲ့ အိမ်စီး Mark- 2 ကားတို့ တိုက်မိကြတာပါ။
အိမ်စီးကားမောင်းလာသူ ဦးကျော်မင်းထွန်းကို ဝမ်းတွင်းမြို့မရဲစခန်းမှာ ယာဉ်ကို ပေါ့ဆစွာ မောင်းတာကြောင့် လူသေမှု၊ ပြင်းထန်ဒဏ်ရာ၊ သာမန်ဒဏ်ရာရမှုတွေနဲ့ အမှူဖွင့်ထားတယ်လို့ သိရပါတယ်။