ရှမ်းပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ Ocean ကုန်တိုက်အနီးမှာ ဒီဇင်ဘာ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲလောက်က ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် Ocean ကုန်တိုက်အနီးမှာရှိနေတဲ့ သားအမိ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်ဒေသခံတဦးက “ဗုံးက ၂ လုံးဆင့်ကွဲတာ။ ကုန်တိုက်နားမှာရှိနေတဲ့ သားအမိ ၂ ယောက် ဒဏ်ရာရသွားလို့ ဆေးရုံပို့လိုက်တယ်” လို့ ပြောပါတယ်။
ဗုံးပေါက်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့ သားအမိ ၂ ယောက်ဟာ မစိုးရိမ်ရဘူးလို့ ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား တွေ ရောက်လာပြီး ကုန်တိုက်နားမှာ စစ်ဆေးတာတွေ၊ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့တားဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာတော့ ထုတ်ပြန်ကြေညာတာ မတွေ့ရသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဗုံးပေါက်ကွဲမှုဟာ သူတို့လုပ်တာ မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။