အာဆင်နယ်ပွဲအပြီးတွင် မန်ယူအသင်းနှင့် ယာယီနည်းပြ မိုက်ကယ်ကာရစ် လမ်းခွဲ

မန်ယူအသင်းယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ အာဆင်နယ်နဲ့ပွဲစဉ်အပြီးမှာ အသင်းနဲ့ လမ်းခွဲ ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ယူနိုက်တက်ကို နည်းပြသစ် ရက်ဖ်ရင်းနစ်က ကိုင်တွယ်မှာဖြစ်တာကြောင့် သူ့ရဲ့ လက်ထောက် နည်းပြအနေနဲ့လည်း ဆက်မလုပ်တော့ဘဲ အသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်ခဲ့တာပါ။ အသင်းဘောလုံးဒါရိုက်တာ ဂျွန်မောက်ချ်ကလည်း အတည်ပြုခဲ့ပြီး ကစားသမားနဲ့ နည်းပြအနေနဲ့ ၁၅ နှစ် ကျော်ပေးဆပ်ခဲ့တဲ့ မိုက်ကယ်ကာရစ်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါတယ်။ 

“သူထွက်ခွာသွားတော့မှာဖြစ်လို့ ကျနော်တို့ ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဆုံးဖြတ်ချက် ကိုလည်း  ကျနော်တို့လေးစားရမှာဖြစ်တယ်။ သူက ယူနိုက်တက်ရဲ့ အကောင်းဆုံးကွင်းလယ် ကစားသမားတစ်ယောက်အဖြစ် အမြဲတမ်းဆက်ရှိနေမှာဖြစ်တယ်။ ပြီးတော့ ထူးချွန်တဲ့နည်းပြ ကောင်းအနေနဲ့လည်း တာဝန်ကျေခဲ့ပါတယ်။ အသင်းရဲ့ ဂန္ထဝင်တစ်ဦးအနေနဲ့ အမြဲတမ်းကြိုဆိုသွား မှာဖြစ်တယ်” လို့ အသင်းဒါရိုက်တာ ဂျွန်မောက်ချ်က ပြောပါတယ်။

အသက် ၄၀ အရွယ် ကာရစ်ဟာ  ၂၀၀၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကစားသမားတစ်ဦးအနေနဲ့ မန်ယူအသင်းမှာဖြတ်သန်းခဲ့ပြီး လက်ထောက်နည်းပြအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up