Live
Home
မြန်မာသတင်း
အပစ်ရပ် ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဖမ်းမိမူးယစ်ဆေးဝါးများ RCSS မီးရှို့ဖျက်ဆီး
DVB
·
December 2, 2021

အပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်  ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်   (RCSS/SSA) က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မြန်မာအစိုးရအကြား ပြည်နယ်အဆင့် နှစ်ဘက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ၁၀ နှစ်ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ လွိုင်တိုင်းလျဲန်းဗဟိုဌာနချုပ် အမှတ် (၁) စစ်ဒေသနဲ့ တပ်မဟာ ၇၀၇ နယ်မြေမှာ မူးယစ်ဆေးတွေ မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ  စိတ်ကြွဆေးပြား ၁ သန်းကျော်၊ ဘိန်းညိုမှုန့် ကီလိုဂရမ် ၃၀၀ ကျော် ၊ အက်ဆစ် လီတာ ၄ သောင်းကျော် နဲ့ ဆိုဒါမှုန့် ၃၆၀၀၀ ကီလိုဂရမ် ပါဝင်တယ်လို့ RCSS က ထုတ်ပြန်ထားပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူခမ်းစံက “မူးယစ်ဆေးဝါးကတော့ ကျနော်တို့ RCSS ပေါ်လစီထဲမှာလည်းပါတယ်လေ၊ အထိမ်းအမှတ်လုပ်ပြီး မီးရှို့တာပေါ့၊ ဖမ်းမိတာကတော့ တနေရာတည်းမဟုတ်ပါဘူး။ လဲချားနဲ့ မိုင်းနောင်ကြား ကားလမ်းမှာ ၁ စီးမိတယ်၊ ကျောက်မဲဘက်မှာလည်း ၁၂ ဘီးကားနဲ့ ၂ စီး ၃ စီး မိတယ်ခင်ဗျ၊ ၁ နှစ်အတွင်းဖမ်းမိတာတွေအများကြီးပါ။ အကုန်တော့မဖျက်ဆီးရသေးဘူး။ တချို့က တပ်မဟာတွေမှာရှိတယ်။”လို့ ပြောပါတယ်။ 

RCSS အနေနဲ့  အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ အနှစ်သာရကို ကိုင်စွဲပြီး အဖွဲ့အစည်းတွေ အားလုံးနဲ့ လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက် သွားမယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024