မကွေးတိုင်းဒေသကြီး ဂန့်ဂေါနဲ့ ရေစကြိုမြို့နယ်တွေမှာ ဒီဇင်ဘာ ၁ ရက်နေ့မနက်ပိုင်းက စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ၂ တိုင်ကို ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ခရစ်စမတ်အကြိုလက်ဆောင်အဖြစ် ဂန်ဂေါမြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDF တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒါအပြင် ရေစကြိုမြို့နယ် ဆင်ကြို့ ရွာမှာလည်း ဒီကနေ့မနက် ၁ နာရီလောက်က ရေစကြို UURF တပ်ဖွဲ့နဲ့ 27 တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် တစ်တိုင်ကို ဖျက်ဆီးခဲ့ကြတယ်လို့ UURF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ပြည်သူတော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ အဓိကစီပွားရေးထောက်တိုင်တွေ၊ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့သူတွေနဲ့ ပျူစောထီးဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာကြောင့် မိဘ ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ဆက်စပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။