Home
မြန်မာသတင်း
တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၇၀ ထပ်တွေ့၊ ၉ ဦးထပ်မံသေဆုံး
DVB
·
November 30, 2021

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၇၀ တွေ့ရှိခဲ့ပြီး ၉ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မ သိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၀,၀၂၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃၇၀ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၁ ဒသမ ၉ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၅၇၉ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၁,၅၆၁ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၀၈၈ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုး နှံပြီးသူ ၄ ဒသမ ၈ သန်း၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၁ ဒသမ ၆၁ သန်းနဲ့ စုစုပေါင်း ၁၆ ဒသမ ၄၈ သန်းရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ် အိုမီခရွန် တွေ့ရှိတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီဖြစ်ပြီး အဲဒီနိုင်ငံတွေကတော့ သြစတြေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့စ်ဆွာနာ၊ ကနေဒါ၊ ချက်ရီပါ့ဗလစ်၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ တောင်အာဖရိကနဲ့ယူကေနိုင်ငံတို့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024