ဆော်လမွန်ကျွန်း ဆန္ဒပြပွဲတွင် ၃ ဦး သေဆုံးပြီး ၁၀၀ ကျော်အဖမ်းခံရ

ဆော်လမွန်ကျွန်းနိုင်ငံမြို့တော်မှာ  ဆန္ဒပြပွဲတွေ သုံးရက် ဆက်တိုက် ပေါ်ပေါက်အပြီး ဟိုနီယာရာ မြို့မှာ လူ ၃ ယောက် သေဆုံးကာ  လူအယောက် ၁၀၀  ကျော် အဖမ်းခံရပါတယ်။

ဆော်လမွန်ကျွန်းရဲ့ လူအစည်ဆုံး မာလိုင်တာ ပြည်နယ်မှာ ဆန္ဒပြ ပွဲတွေ ဖြစ်ခဲ့တာပါ။ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး အဆုံးသတ်ပြီး တရုတ်ပြည်မကြီး အစိုးရနဲ့ ဆက်ဆံဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ လူထုက ဆန့်ကျင် ဆန္ဒပြနေကြတာပါ။ 

ဆော်လမွန်ကျွန်းအစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဩစတြေးလျက ရဲတပ်ဖွဲ့ စေလွှတ်ခဲ့သလို နောက်နေ့မှာ ပါပူအာနယူးဂီနီက ရဲတပ်ဖွဲ့က အရာရှိ အယောက် ၅၀ လောက်ဟာလည်း ဟိုနီယာရာမြို့ကို သောကြာနေ့က ရောက်လာခဲ့ပါတယ်။ 

ဩစတြေးလျနဲ့ ပါပူအာနယူးဂီနီတို့က ရဲတွေ ရောက်လာအပြီး မြို့တော်မှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားကာ  အခြေအနေ ရှင်းလင်းနေရပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာ မြို့တော်တွင်း လမ်းတွေမှာ အမှိုက်တွေနဲ့ ပစ္စည်းအပိုင်းအစတွေ ပြန့်ကျဲနေတဲ့ ရုပ်သံတွေကို ရိုက်တာ သတင်းဌာနက ထုတ်လွှင်ပြသပါတယ်။

မြို့တွင်း တရုတ်တန်းမှာတော့ ပြိုကျနေတဲ့ အဆောက်အအုံတွေနဲ့ ရှေ့ပိုင်းမီးလောင်ထားတဲ့ ဆိုင်ခန်းတွေ၊ အစိုးရ ဆန့်ကျင်ရေး ဂရပ်ဖတီပန်းချီတွေကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up