ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်မြို့ တိုင်းရင်းသားပေါင်းစုံ ပင်မ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်အာဏာပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
လူအင်အား နှစ်ရာကျော်ရှိတဲ့ ဖားကန့်မြို့နယ် တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ ကျောင်းမတက်နဲ့ကျောင်းထွက်၊ PDF တွေ ဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ် စတဲ့ကြွေးကြော်သံတွေ တနာရီကြာ ငြိမ်းချမ်းစွာ စီးတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဖားကန့်မြို့ တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဟာ ဖော်ဖော်ဝါရီလ စစ်အာဏာသိမ်းစဉ်ကတည်းက စစ်အာဏာရှင်ပြုတ်ကျရေး ဆက်တိုက်ဆန္ဒဖော်ထုတ်ခဲ့တာဟာ ဆယ်လကြာပြီဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ပစ်သတ်ခဲ့ပေမဲ့ ဆန္ဒပြပွဲတွေကတော့ ဒီနေ့အချိန်ထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။