ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်လို့ အနည်းဆုံး ဒေသခံပြည်သူ ၅ ယောက် သေဆုံးသွားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်ကိုသုံးပြီး နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲလောက်က အရပ်သားတွေကို ပစ်ခတ်ခဲ့တာပါ။
"Mi 35 က ရွာပေါ်ကို ၄၊ ၅ ပတ် ဝဲပြီး ပစ်ပါတယ်။ ကျန် ၄ စီးက အင်အားချတယ်။ လက်နက်ကြီး လက်နက်ငယ်နဲ့ တရစပ် ပစ်ခတ်ပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ရွာသားတွေ တိမ်းရှောင်ထွက်ပြေး အဆက်အသွယ်ပြတ်နေတာတွေကြောင့် အနည်းဆုံး ၅ ယောက် သေဆုံးတာကိုပဲ အတည်ပြုလို့ ရပါသေးတယ်။
လက်ရှိမှာ ရဟတ်ယုဥ်နဲ့လာတဲ့ စစ်ကောင်စီ တပ်တွေဟာ ညောင်လှရွာမှာ တပ်စွဲထားပြီး အနီးက ဆည်ကြီးရွာမှာလည်း စစ်ကောင်စီတပ်သား ၅၀ တပ်စွဲထားပါတယ်။
စစ်ကောင်စီတပ်တွေ အကြမ်းဖက်နေလို့ ညောင်လှ၊ မရကန်၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခတွင်းနဲ့ မဲအိုး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း ကနီ၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်းနဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တို့မှာလည်း လေကြောင်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။