စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်က ညောင်ဖြူပင် PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက် မနက် ၅ နာရီလောက်က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ PDF အဖွဲဝင်တစ်ဦးက “PDF စခန်းတစ်ခုကို အပိုင်ဆိုပြီး ဝင်ဖမ်းတာ။ PDFကို မမိဘဲ မုံရွာလျှပ်စီးအဖွဲ့ရဲ့ မိုင်းဆွဲတာခံလိုက်ရတယ်။ နေရာတင် ၄ ယောက်သေတယ်။ ကျန်တဲ့သူတွေလည်း အများအပြား ဒဏ်ရာ ရသွားတယ်။ ကျနော်တို့ PDF အဖွဲ့က အထိခိုက် မရှိဘူး”လို့ ပြောပါတယ်။
မုံရွာမြို့နယ်အတွင်း စစ်ကောင်စီက PDF စခန်းကို မီးရှို့တာ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ ပထမအကြိမ်က မုံရွာမြို့မြောက်ဘက်က ပလ္လင်ကျေးရွာအနီးက PDF စခန်းတစ်ခုကို မီးရှို့ခဲ့ပါတယ်။