စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်နယ်မြေ ၇ ရှိ မြို့နယ်ပညာရေးမှူးရုံးမှာ နိုဝင်ဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်က မီးလောင်ခဲ့ပါတယ်။
မီးလောင်မှုကို ကလေးခရိုင်မီးသတ်စခန်း၊ ကလေးမြို့နယ်မီးသတ်စခန်းနဲ့ တာဟန်နယ်မြေမီးသတ်စခန်းတွေက မီးသတ်ယာဉ် ၄ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မနက် ၇ နာရီ ၄၇ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။
အဆိုပါရုံးမှာ ဝန်ထမ်းတချို့ ရုံးမှာညအိပ် သောက်စားမူးယစ်လေ့ရှိပြီး အခု မီးလောင်မှုဟာလည်း ညအိပ်နေသူတွေရဲ့ ပေါ့ဆမီးကြောင့်ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
Photo Credit-MFS