Monday, June 5, 2023
HomeLead Storyနေပြည်တော်သို့ နေ့ချင်းပြန်ခရီးသွားရောက်ခဲ့သည့်ကိစ္စ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

နေပြည်တော်သို့ နေ့ချင်းပြန်ခရီးသွားရောက်ခဲ့သည့်ကိစ္စ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

မြန်မာနိုင်ငံကို မကြာသေးခင်က နေ့ချင်းပြန်သွားရောက်ပြီး အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့သာ သက်ဆိုင်တယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်း ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်မှာ ဖျူထိုင်းပါတီအမတ် ဆုတင်ကလန်ဆန်က နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့ တာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၇ ခုက လှူဒါန်းတဲ့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေအပါအဝင် ထောက်ပံ့ကူညီရေးပစ္စည်း ၁၅ တန်ကို ပေးပို့လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

နောက်ထပ် ၂ တန်ကိုလည်း ထပ်မံပြီးတော့ ပေးပို့သွားဖို့ ရှိနေသလို လှူဒါန်းတဲ့ အဖွဲ့အ စည်းတွေထဲမှာတော့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(ဒဗလျူအိပ်ချ်အို)နဲ့ မယ့်ဖာလွမ်ဖောင်ဒေးရှင်းတွေလည်း ပါဝင်နေတယ်လို့ ဆို ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က နေ့ချင်း ပြန်ခရီးစဉ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နေ့ချင်းပြန်ခရီးစဉ်အတွင်း စစ်ကောင်စီနဲ့ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular