ဆိုက်ဘေးရီးယားတွင် ကျောက်မီးသွေးတွင်းမတော်ဆမှုကြောင့် ၁၄ ဦး သေဆုံး၊ ဒါဇင်နှင့်ချီပိတ်မိ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ နိုဝင်ဘာ ၂၅ ရက်က ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ မြေအောက်ပိတ်မိနေပြီး ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေကို ကြိုးပမ်းနေကြပါတယ်။
နှင်းတွေဖုံးလွှမ်းနေတဲ့ Kemerovo ဒေသရှိ Listvyazhnaya ကျောက်မီးသွေးတွင်းက လေဝင်လေထွက်ပေါက်တစ်ခုမှာ ကျောက်မီးသွေးဖုန်မှုန့်များ မီးလောင်မှုကြောင့် အနည်းဆုံး မိုင်းတွင်းလုပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုတွေကို ကိုးကားပြီး TASS သတင်းမှာ ဖော်ပြပါတယ်။
ကယ်ဆယ်ရေးသမား သုံးဦးလည်း သေဆုံးခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနရဲ့ ယာယီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။
ဆေးရုံမှာ ဒါဇင်နဲ့ချီ ဆေးကုသမှု ခံယူနေရပြီး အဲဒီထဲကတချို့က မီးခိုးအဆိပ်သင့်ခဲ့ပြီး လေးဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။
မနေ့ကတော့ ပေါက်ကွဲမှုဖြစ်နိုင်ခြေ အရမ်းများလို့ ဓာတ်ငွေ့ပါဝင်မှု လျော့နည်းသွားချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်း မရပ်နားခင်က မိုင်းတွင်းအတွင်း လျှပ်စစ်ဓာတ်အားနဲ့လေဝင်လေထွက် ရှိနေဆဲဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပေမဲ့ မြေအောက်နက်နက်မှာတော့ လူတချို့နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
Kemerovo ဒေသဟာ သုံးရက်ကြာ ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။
Listvyazhnaya သတ္တုတွင်းဟာ ပုဂ္ဂလိကပိုင် Siberian စီးပွားရေးသမဂ္ဂက ပိုင်ဆိုင်တဲ့ SDS-Holding ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ပိုင်ရှင်က ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။