Home
မြန်မာသတင်း
အာဏာသိမ်း ၁၀ လအတွင်း စစ်တပ်က ပြည်သူ ၁၂၉၀ ကျော်ကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၀,၄၅၀ ကျော်ရှိ
DVB
·
November 25, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လနီးပါးအကြာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၉၁ ယောက်ထိရှိလာပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၄၅၂ ယောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၇,၅၃၀ ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ကို ဘုန်းမြင့်အောင်ဟာ ဖခင်ဖြစ်သူ ဦးထင်ဝင်းနဲ့အတူ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရပြီး နောက်တနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ စစ်ကြောရေးမှာ ကျဆုံး သွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုဘုန်းမြင့်အောင်နဲ့အတူ ဖခင်ဖြစ်သူ ဦးထင်ဝင်းလည်း ဖမ်းဆီးခံခဲ့ရပြီးသူကတော့ အဲဒီနေ့ညအချိန်မှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှာ လူငယ် ၂ ယောက်ဖြစ်တဲ့ ကိုကျော်ထက် ဝေနဲ့ ကိုအောင်မောင်းကို စစ်တပ်က နိုဝင်ဘာ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တရက်မှာတော့ အဆိုပါလူငယ်တွေကို သူတို့ ဇာတိဖြစ်တဲ့ ရုံးပင်ကျေးရွာကို ခေါ် ဆောင်ကာ ရွာသားတွေကို ပြသခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီလို ခေါ် ဆောင်ပြသရာမှာ လူငယ်တွေကို ဦးခေါင်း အဝတ်မည်းစီး၊ လက်ပြန်ကြိုးတုပ်ထားပြီး ရိုက်နှက်ခဲ့ကြပြီး ဦးခေါင်းကနေ ကျောပြင်အထိ သွေးများစီးကျ ပေကျံနေကြောင်းလည်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024