မက္ကဆီကိုတွင် သစ်ပင်ပေါ် တွဲလောင်းချိတ်ဆွဲထားသည့် လူသေအလောင်းများ တွေ့ရှိ

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းဒေသက တံတားတစင်းပေါ်နဲ့ သစ်ပင်တပင်ပေါ် မှာ တွဲလောင်းချိတ်ထားတဲ့ လူ ၆ ယောက်ရဲ့ အလောင်းတွေကို နိုဝင်ဘာ ၂၃ ရက်က တွေ့ရပါတယ်။

ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု ထူပြောတဲ့ ဒီဒေသထဲမှာ သီတင်းပတ် တပတ်မပြည့်ခင် ဒုတိယမြောက် ဖြစ်ရပ်ပါ။ လူကူးတံတားပေါ်ကနေ တွဲလောင်းကျနေတာ အလောင်း ၃ လောင်းဖြစ်ပြီး သစ်ပင်တပင်ပေါ်မှာတော့ အလောင်း ၃ လောင်း တွဲလောင်းကျနေတယ်လို့ ဇာကာ တေကတ်စ်ပြည်နယ် ပြည်သူ့လုံခြုံရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။

အနားက ရပ်ကွက်ထဲက မြေပေါ်မှာ နောက်ထပ် အလောင်း ၂ လောင်းကိုလည်း တွေ့ရပါတယ်။ နိုဝင်ဘာ ၁၈ ရက်ကလည်း ဇာကာတေကတ်စ်ပြည်နယ်အတွင်း တံတားပေါ်ကနေ အလောင်း ၉ လောင်း တွဲလောင်းချိတ်ထားပြီး စုစုပေါင်း အလောင်း ၁၀ လောင်း တွေ့ခဲ့ရတာပါ။

ဂိုဏ်းတွေနဲ့ပတ်သက်တဲ့ လူသတ်မှုတွေ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက ကောက်ချက်ချပါတယ်။ 

ဒေသတွင်း မူးယစ်မှောင်ခို စျေးကွက်ကို ထိန်းချုပ်ဖို့ ရာဇဝတ်အုပ်စု ၂ စုကြား အငြင်းပွားတဲ့ ရလဒ်အဖြစ် လူသေတဲ့ အကြမ်းဖက်မှုတွေ လတ်တလောမှာ ပေါ်ပေါက်နေတာလို့ အမည်မဖော်တဲ့ ပြည်နယ်အစိုးရအရာရှိတယောက်က ပြောပါတယ်။

ဒီနှစ်ရဲ့ ပထမဆယ်လအတွင်း ဇာကာတေကတ်စ်ပြည်နယ်ထဲမှာ အကြမ်းဖက် သတ်ဖြတ်ခံရသူ ၉၄၈ ယောက်ထက်မနည်း ရှိတယ်လို့ တရားဝင် သတင်းအချက်အလက်တွေက ပြထားပါတယ်။

ဒါဟာ မနှစ်က အလားတူ ကာလကထက် လူ ၃၄၂ ယောက် ပိုအသတ်ခံခဲ့ရတာလို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up