စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကရုဏာဆေးခန်းက ဆရာဝန်၊ သူနာပြုနဲ့ ဆေးခန်းဝန်ထမ်းအားလုံး နိုဝင်ဘာ ၂၃ ရက် ဒီကနေ့ ညနေပိုင်းမှာ ပြန်လည်လွတ်မြောက် လာပါတယ်။
လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ကရုဏာဆေးပေးခန်းကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ နိုဝင်ဘာ ၂၂ ရက် မနက်က ဝင်ရောက်စီးနင်းခဲ့ပြီး ကရုဏာဆေးခန်းက ဆရာဝန်၊ သူနာပြုနဲ့ ဆေးခန်း စေတနာ့ဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
ဖမ်းဆီးထားသူတွေကို စစ်ကြောမေးမြန်းပြီးနောက် ဒီကနေ့ ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။