ပါရာဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ် ၁၀၃၇ ဆု ချီးမြှင့်မည်

လက်ရှိ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၁၀၃၇ ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ paragames1ပြေးခုန်ပစ် အားကစားနည်းမှာ ရွှေတံဆိပ် ၁၂၁ ခု အများဆုံး ချီးမြှင့် မှာ ဖြစ်ပြီး ရေကူး အားကစားနည်းမှာ ရွှေတံဆိပ် ၁၁၂ ခုနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ၅ ယောက် ၁ ဖက်၊ ၇ ယောက် ၁ ဖက် ဘောလုံးအားကစားနည်းနဲ့ ဘီးတပ် ဘက်စကတ်ဘော အားကစားနည်းတွင် ဆုတံဆိပ် အနည်းဆုံး ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up